နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေမှ လှူဒါန်းသော ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်

by Thinmbadm1n / Jul 12, 2015 / comments

နေပြည်တော် ၂၀၁၅ခုနှစ် ဇူလိုင် ၁၂ရက်

          ရခိုင်ပြည်နယ်တွင် ဇွန်နောက်ဆုံးအပတ်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်မြို့နယ်အချို့တွင်ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သဖြင့် နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေမှ လှူဒါန်းသောရေဘေးသင့်ပြည်သူများအတွက် လတ်တလော လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်းများကို ရန်ကုန်မြို့မှတစ်ဆင့် တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်ရာ ယနေ့မွန်းလွဲ ၂နာရီ ၅၅မိနစ် တွင် စစ်တွေလေဆိပ်သို့ ရောက်ရှိသည်။

          ထို့နောက် လေဆိပ်ဧည့်ခန်းမဆောင်၌ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကိုကျင်းပရာပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ တပ်မတော်အရာရှိကြီးများ ပြည်နယ် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင်နှင့် တာဝန်ရှိသူများကပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးထံထောက်ပံ့ရေးပစ္စည်းများဖြစ်သော စောင်အထည် ၄၀၀၀၊ခြင်ထောင် အထည် ၄၀၀၀၊ စားဆီ ၁၆ပီပါ၊ ဆန်အိတ် ၂၀၀၀၊ ပဲအိတ် ၁၂၀၊ Solar မီးအိမ် ၇၀၀၊ Family Kit အထုပ် ၇၀၀ တို့ကို ပေးအပ်ကြောင်း သတင်းရရှိသည်။