ဖော်ပြပြီးသတင်းများ

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်အား တန်ဂို (Tango) နိုင်ငံတကာအဖွဲ့အစည်း၏ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ

by Thinmbadm1n / Aug 30, 2016 / comments

နေပြည်တာ် သြဂုတ်လ ၃၀ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးအား ကုလသမဂ္ဂကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ Protracted Relief and Recovery Operation (PRRO) စီမံကိန်းအား ဆန်းစစ်အကဲဖြတ်မှု လုပ်ငန်းများ ဆောင်ရွက်မည့် တန်ဂို (Tango) နိုင်ငံတကာအဖွဲ့အစည်းမှ International Evaluator ဖြစ်သူ Ms.

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးလာရောက်တွေ့ဆုံ

by Thinmbadm1n / Aug 26, 2016 / comments

နေပြည်တော် သြဂုတ်လ ၂၆ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Daisy Dell သည် ယနေ့နံနက် (၁၁) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ခဲ့ပါသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ငလျင်ဒဏ်သင့်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေမှ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ကြည့်ရှုစစ်ဆေး

by Thinmbadm1n / Aug 25, 2016 / comments

နေပြည်တော် သြဂုတ် ၂၅

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်း စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ပြည်သူလူထု အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းဖွင့်ပွဲကျင်းပ

by Thinmbadm1n / Aug 24, 2016 / comments

နေပြည်တော် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူး၍ ခေတ်မီမော်တာ အထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၁၄) ဖွင့်ပွဲအခမ်းအနားအား (၂၂-၈-၂၀၁၆) ရက်နေ့ နံနက် (၈) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး ထောက်ပံ့ရေးပစ္စည်းများပေးအပ်

by Thinmbadm1n / Aug 19, 2016 / comments

နေပြည်တော် သြဂုတ် ၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံ အားပေးစကား ပြောကြားပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်သည်။

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား နည်းပညာသုတေသနဆိုင်ရာ ပူးပေါင်းဖလှယ်ရေးအဖွဲ့ (GRET) မှ ဌာနေကိုယ်စားလှယ် ဒေါက်တာဖြိုးမင်းဆွေမှ လာရောက်တွေ့ဆုံ

by Thinmbadm1n / Aug 18, 2016 / comments

၂၀၁၆ သြဂုတ် ၁၈ နေပြည်တော်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်အား နည်းပညာသုတေသနဆိုင်ရာ ပူးပေါင်းဖလှယ် ရေးအဖွဲ့ (GRET) မှ ဌာနေကိုယ်စားလှယ် ဒေါက်တာဖြိုးမင်းဆွေမှ ယနေ့နံနက် (၉)နာရီခွဲ အချိန်တွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး H.E. Mr. Roland Kobia အား လက်ခံတွေ့ဆုံ

by Thinmbadm1n / Aug 18, 2016 / comments

နေပြည်တော်၊ သြဂုတ် ၁၈ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် သည် ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး H.E. Mr. Roland Kobia အား ယနေ့နံနက် (၁၁) နာရီအချိန်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာနတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် နေပြည်တော်အတွင်းရှိ ၀န်ကြီးဌာနလက်အောက်ရှိ ၀န်ထမ်းအိမ်ရာနှင့် စိုက်ခင်းများအား ကြည့်ရှုစစ်ဆေး

by Thinmbadm1n / Aug 15, 2016 / comments

နေပြည်တော်၊ သြဂုတ်လ ၁၄ ရက်   

     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် တာဝန်ရှိသူများ လိုက်ပါလျက် ကံ့ကော်အိမ်ရာ၊ ခရေအိမ်ရာနှင့် သုခသိဒ္ဓိ အိမ်ရာများအား (၁၄-၈-၂၀၁၆) ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် အစိုးရသစ်၏ ပထမ ရက် (၁၀၀) ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ တက်ရောက်ခြင်း

by Thinmbadm1n / Aug 12, 2016 / comments

နေပြည်တော်၊ သြဂုတ်လ ၁၂ ရက်

     အစိုးရသစ်၏ ပထမ ရက် (၁၀၀) ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲအား ယနေ့ နေ့လည် (၁) နာရီအချိန်တွင် ပြန်ကြားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရုံးတွင်းအရည်အသွေးမြှင့်တင်ရေးသင်တန်း (၂/၂၀၁၆) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

by Thinmbadm1n / Aug 08, 2016 / comments

နေပြည်တော် သြဂုတ် ၈ ရက်          

       နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား လုပ်ငန်းအဆင့်အလိုက် ကြပ်မတ်ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ ရုံးတွင်း အရည်အသွေးမြှင့်တင်ရေးသင်တန်း (၂/၂၀၁၆) သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၁၀) နာရီ အချိန်တွင် ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးလာရောက်တွေ့ဆုံ

by Thinmbadm1n / Aug 03, 2016 / comments

နေပြည်တော် သြဂုတ်လ ၃ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Moharmmad Sufiur Rahman  သည် ယနေ့နေ့လည် (၃) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။