ဖော်ပြပြီးသတင်းများ

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် (၆၅) နှင့် စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၉၅) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်အမှာစကားပြောကြား

by Thinmbadm1n / Oct 28, 2016 / comments

နေပြည်တော်၊ အောက်တိုဘာလ ၂၈ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ယနေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည့် စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၆၅) နှင့် စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၉၅) သင်တန်း ဆင်းပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သင်တန်းဆင်းပွဲ တက်ရောက်အမှာစကား ပြောကြား

by Thinmbadm1n / Oct 27, 2016 / comments

ရန်ကုန် အောက်တိုဘာ ၂၇

          ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) ၏ ၂၀၁၆ ခုနှစ်၊ သင်တန်းအမှတ်စဉ် (၁၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ အဆိုပါဒီဂရီကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား အမေရိကန်နိုင်ငံ သံအမတ်ကြီးနှင့် အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးတို့ သီးခြားစီ လာရောက်တွေ့ဆုံ

by Thinmbadm1n / Oct 25, 2016 / comments

နေပြည်တော်၊ အောက်တိုဘာလ ၂၅ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Scot Marciel သည် ယနေ့နံနက် (၁၁) နာရီအချိန်တွင် လည်းကောင်း၊ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Vikram Misri သည် မွန်းလွဲ (၁) နာရီအချိန်တွင်လည်းကောင်း ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီ လာရောက်တွေ့ဆုံ ခဲ့ပါသည်။

ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်း အမှတ်စဉ် (၁၅) သင်တန်းဖွင့်ပွဲ

by Thinmbadm1n / Oct 24, 2016 / comments

ရန်ကုန် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်း တွင် ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်း အမှတ်စဉ် (၁၅) ကို သင်တန်းသူ (၁၀၀) ဦးဖြင့် (၂၄-၁၀-၂၀၁၆) ရက်နေ့၊ တနင်္လာနေ့၊ နံနက် (၀၉:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဦး တက်ရောက်၍ သင်တန်းဖွင့် မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်း အမှတ်စဉ်(၁၅) သင်တန်းဖွင့်ပွဲ

by Thinmbadm1n / Oct 24, 2016 / comments

ရန်ကုန် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်

     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်း တွင် ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်း အမှတ်စဉ် (၁၅) ကို သင်တန်းသူ (၁၀၀) ဦးဖြင့် (၂၄-၁၀-၂၀၁၆)ရက်နေ့၊ တနင်္လာနေ့၊ နံနက် (၀၉:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဦး တက်ရောက်၍ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်

by Thinmbadm1n / Oct 22, 2016 / comments

စစ်တွေ အောက်တိုဘာ ၂၁

ဘူးသီးတောင် မောင်တောမြို့နယ် တို့မှ ကြောက်ရွံ့ထိတ် လန့်မှုကြောင့် နေရပ် ခေတ္တ စွန့်ခွာလာသူများအား နေရပ်ပြန်နိုင်ရေးနှင့် သက် ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ကူညီပေးမည့် အစီအစဉ်များ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက စစ်တွေမြို့ ပြည်နယ်အစိုးရ ဧည့်ဂေဟာ အစည်း အဝေး ခန်းမ၌ ကျင်းပသည်။

ပြည်သူလူထုနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အကြံပြုချက်၊ တောင်းဆိုချက်များအတိုင်း အစီအမံများချပြီး လုံခြုံရေးတိုးမြှင့်ဆောင်ရွက်လျက်ရှိ

by Thinmbadm1n / Oct 21, 2016 / comments

မောင်တော အောက်တိုဘာ ၂ဝ

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်အဖွဲ့သည် ယမန်နေ့ ညနေ ၄ နာရီက မောင်တောမြို့ရှိ အောင်မြေဗောဓိ အလိုတော်ပြည့်ကျောင်းသို့ သွားရောက်၍ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမဏိသာရအား ဖူးမြော် ကြည်ညိုကာ ဆရာတော်ထံမှ သြဝါဒခံယူပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့် အဖွဲ့ ဘူးသီးတောင်မြို့ ၌ ရွှေ့ပြောင်း ရောက်ရှိလာသော အိမ်ထောင်စုဝင်များအား တွေ့ဆုံ အားပေး

by Thinmbadm1n / Oct 21, 2016 / comments

ဘူးသီးတောင် အောက်တိုဘာ ၂၀

နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ ရခိုင်ပြည်နယ် ၀န်ကြီး ချုပ် ဦးညီပုနှင့် အဖွဲ့သည် အောက်တိုဘာ ၂၀ ရက် ညနေ ၃ နာရီတွင် ဘူးသီးတောင် မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ယာယီစခန်း သို့ သွားရောက်ပြီး စခန်းရှိ အိမ်ထောင်စု မိသားစုဝင်များနှင့် တွေ့ဆုံသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်အား ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အဖွဲ့ဝင်များမှ လာရောက်တွေဆုံ

by Thinmbadm1n / Oct 20, 2016 / comments

နေပြည်တော်၊ အောက်တိုဘာလ ၂၀ ရက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်အား နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနနှင့် ကိုဖီအာနန်ဖောင်ဒေးရှင်း တို့အကြား သဘောတူညီမှုဖြင့် တည်ထောင်ခဲ့သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အဖွဲ့ဝင်များမှ ယနေ့နေ့လည် (၂:၀၀) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံခဲ့သည်။

နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးအပြည့်အ၀ဆောင် ရွက်ပေးထား၊ နေရပ်ပြန်မည်ဆိုပါက အဆင်ပြေချောမွေစွာ ပြန်နိုင်ရန် စီစဉ်ဆောင်ရွက် ပေးသွားမည်

by Thinmbadm1n / Oct 20, 2016 / comments

စစ်တွေ အောက်တိုဘာ ၁၉

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာ ၀င်းမြတ်အေး၊ ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၁၀နာရီက စစ်တွေမြို့ ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းဝေးခန်းမတွင် စစ်တွေမြို့ရှိ နိုင်ငံရေးပါတီများနှင့် လူမှုကွန်ယက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များမှ ဌာနဆိုင်ရာဝန်ထမ်းများ သက်ဆိုင်ရာဌာန အသီးသီးတွင် ပြန်လည်တာဝန် ထမ်းဆောင်နိုင်ရန်နှင့် ကြောက်ရွံ့ထိတ်လန့် မှုကြောင့်နေရပ်မှခေတ္တစွန့်ခွာလာသူများ မိမိနေရပ်သို့ အေးချမ်းလုံခြုံစွာ ပြန်နိုင်ရန်အတွက် လိုအပ်သည့် စီမံဆောင်ရွက

by Thinmbadm1n / Oct 20, 2016 / comments

စစ်တွေ အောက်တိုဘာ ၁၉

မောင်တောနှင့် ဘူးသီးတောင် ဒေသများတွင် တာဝန်ထမ်းဆောင်သည့် ဌာနဆိုင်ရာ ၀န်ထမ်းများ မိမိတို့သက်ဆိုင်ရာ ဌာနအသီးသီးတွင် ပြန်လည်တာဝန် ထမ်းဆောင်နိုင်ရန်နှင့် ကြောက်ရွံ့ထိတ်လန့်မှု ကြောင့် နေရပ်မှခေတ္တစွန့်ခွာလာသူများ နေရပ်သို့ အေးချမ်းလုံခြုံစွာဖြင့် ပြန်လည်နေထိုင်နိုင်ရန်အတွက် လိုအပ်သော စီမံမှုများဆောင် ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်၉နာရီက စစ်တွေမြို့ ပြည်နယ် အစိုးရဧည့်ရိပ်သာ အစည်းဝေးခန်းမတွင် ကျင်းပသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

by Thinmbadm1n / Oct 04, 2016 / comments

နေပြည်တော် အောက်တိုဘာ ၄ ရက် 

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်သည် (၂၈-၉-၂၀၁၆) ရက်နေ့မှ (၂-၁၀-၂၀၁၆) ရက်နေ့အထိ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်များသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။