ဖော်ပြပြီးသတင်းများ

တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်သည့် အခါ ပြည်ထောင်စုသားများအားလုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို ကြည့်ရမည်

by Thinmbadm1n / Nov 29, 2016 / comments

နေပြည်တော် နိုဝင်ဘာလ ၂၈ ရက်

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား ECHO ရုံး၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကဌာနမှ ညွှန်ကြားရေးမှူး လာရောက်တွေ့ဆုံ

by Thinmbadm1n / Nov 23, 2016 / comments

နေပြည်တော်၊ နိုဝင်ဘာလ ၂၃ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား ဥရောပကော်မရှင်၊ Directorate General for European Civil Protection and Humanitarian Aid Operations (ECHO) ရုံး၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကဌာနမှ ညွှန်ကြားရေးမှူး Ms. Androulla KAMINARA သည် ယနေ့နေ့လည် (၁) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ ဌာနေကိုယ်စားလှယ်နှင့် ဗြိတိန်နိုင်ငံသံအမတ်ကြီးတို့ သီးခြားစီလာရောက်တွေ့ဆုံ

by Thinmbadm1n / Nov 21, 2016 / comments

နေပြည်တော်၊ နိုဝင်ဘာလ ၂၁ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jurg Montani သည် ယနေ့နံနက် (၁၀) နာရီအချိန်တွင်လည်းကောင်း၊ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Andrew Patrick သည် ယနေ့နံနက် (၁၁) နာရီအချိန်တွင် လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီ လာရောက်တွေ့ဆုံခဲ့ပါသည်။

ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်းအမှတ်စဉ် (၁၅) သင်တန်းဆင်းပွဲကျင်းပ

by Thinmbadm1n / Nov 16, 2016 / comments

နေပြည်တော် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူး၍ ခေတ်မီမော်တာ အထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၁၅) ဆင်းပွဲအခမ်းအနားအား (၁၅-၁၁-၂၀၁၆) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား နော်ဝေနိုင်ငံသံအမတ်ကြီး လာရောက်တွေ့ဆုံ

by Thinmbadm1n / Nov 11, 2016 / comments

နေပြည်တော် နိုဝင်ဘာလ  ၁၁  ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား နော်ဝေ နိုင်ငံသံအမတ်ကြီး H.E. Ms. Tone Tinnes သည် ယနေ့နေ့လည် (၂) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ဆဌမအကြိမ်မဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားကျင်းပ

by Thinmbadm1n / Nov 11, 2016 / comments

နေပြည်တော် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့်ဇနီး ဒေါ်ခိုင်မေကြူတို့အား အမှူးထား၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ဆဌမအကြိမ် မဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၉:၃၀) နာရီ တွင် နေပြည်တော်ရှိ ရုံးအမှတ်(၄၂) စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်အား အမေရိကန်သံရုံး၊ ဒုတိယသံရုံးအကြီးအကဲ Ms.Kristen Bauer ဦးဆောင်သောအဖွဲ့မှ လာရောက်တွေဆုံ

by Thinmbadm1n / Nov 09, 2016 / comments

နေပြည်တော်၊ နိုဝင်ဘာလ ၁၀ ရက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်အား အမေရိကန်သံရုံး၊ ဒုတိယ သံရုံးအကြီးအကဲ Ms.Kristen Bauer ဦးဆောင်သောအဖွဲ့မှ ယနေ့နံနက် (၁၀:၀၀) နာရီ အချိန်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံခဲ့သည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား JICA မှ ကာလ၀က်ဆန်းစစ် အကဲဖြတ်မှုမစ်ရှင် အဖွဲ့ဝင်ဖြစ်သူ Mr. Akihiro MOCHIZUKI လာရောက်တွေ့ဆုံ

by Thinmbadm1n / Nov 07, 2016 / comments

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်သည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဆောင်ရွက် လျက်ရှိသည့် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ ကာလ၀က်ဆန်းစစ်အကဲဖြတ်မှု မစ်ရှင်အဖွဲ့ဝင်ဖြစ်သူ Mr.

နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်သည် UNOCHAမှ Head of Mission ဖြစ်သူ Mr. Mark Cutts အား လက်ခံတွေ့ဆုံ

by Thinmbadm1n / Nov 04, 2016 / comments

နေပြည်တော်၊ နိုဝင်ဘာလ ၄ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်သည် ယနေ့ နံနက် (၁၀း၃၀) အချိန်တွင် UNOCHA မှ Head of Mission ဖြစ်သူ Mr. Mark Cutts အား နယ်စပ်ရေးရာဝန်ကြီးဌာန၊ ၀န်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

မြန်မာနိုင်ငံအနေနဲ့ မည်သို့သော အကြမ်းဖက်မျိုးကိုမဆို လက်ခံမှာမဟုတ်ဘဲ အကြမ်းဖက်တိုက်ခိုက်မှုများနဲ့ အားပေးကူညီထောက်ပံ့ သူတွေကို ပြင်းပြင်း ထန်ထန် ထိထိရောက်ရောက် တုံ့ပြန်သွားမှာဖြစ်

by Thinmbadm1n / Nov 04, 2016 / comments

မောင်တော နိုဝင်ဘာ ၃

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးကျော်တင်၊ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ms. Renata Dessallin နှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများသည် နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ရခိုင် ပြည်နယ် မောင်တောမြို့နယ် အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်(ကျီးကန်းပြင်)သို့ ရောက် ရှိခဲ့ကြသည်။

နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား JICA ရှမ်းပြည်နယ် (မြောက်ပိုင်း) စီမံကိန်းမှ Chief Advisor ဖြစ်သူ Dr. Minoru Yoshida လာရောက်တွေ့ဆုံ

by Thinmbadm1n / Nov 01, 2016 / comments

     နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်သည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ Chief Advisor ဖြစ်သူ Dr. Minoru Yoshida အား ယနေ့နံနက်(၁၀:၀၀)နာရီ အချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပါသည်။