ဖော်ပြပြီးသတင်းများ

ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်း အမှတ်စဉ် (၁၆)သင်တန်းဆင်းပွဲကျင်းပ

by Thinmbadm1n / Dec 30, 2016 / comments

ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်သော ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်း အမှတ်စဉ် (၁၆)သင်တန်းဆင်း ပွဲကို (၃၀-၁၂-၂၀၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်မှ ကျောင်းအုပ်ကြီး ဒေါက်တာ မင်းသန့် တက်ရောက်၍ သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့ပါသည်။ သင်တန်းဆင်းသည့် သင်တန်းသူ (၉၈)ဦးတို့အနက် (၈)ဦးမှာ ကိုယ်ပိုင်အိမ်တွင်း စက်ချုပ်လုပ်ငန်း လုပ်ကိုင်မည်ဖြစ်ပြီး၊ Honeys Garment Industry Co.Ltd သို့ (၄၇) ဦး၊ Myanmar Sy

အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့၏ ဒုတိယအကြိမ်ညှိနှိုင်း အစည်းအဝေးကျင်းပ

by Thinmbadm1n / Dec 27, 2016 / comments

နေပြည်တော် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်

          မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့အောက်ရှိ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့၏ ဒုတိယ အကြိမ်ညှိနှိုင်း အစည်းအဝေးအား ယနေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည် ဖော်ရေးအဖွဲ့ ဥက္ကဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက် အမှာစကားပြောကြားခဲ့ ပါသည်။

ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်း အမှတ်စဉ် (၁၆) သင်တန်းဖွင့်ပွဲ

by Thinmbadm1n / Dec 12, 2016 / comments

ရန်ကုန် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂနိုင်ငံရေးရာဌာန လက်ထောက်အတွင်းရေးမှူးချုပ်နှင့် တူရကီနိုင်ငံသံအမတ်ကြီးတို့ သီးခြားစီ လာရောက်တွေ့ဆုံ

by Thinmbadm1n / Dec 09, 2016 / comments

နေပြည်တော်၊  ဒီဇင်ဘာလ  ၉ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂ နိုင်ငံရေးရာဌာနမှ လက်ထောက်အတွင်းရေးမှူးချုပ် Mr. Miroslaw Jenca  သည် ယနေ့နေ့လည် (၁) နာရီအချိန်တွင်လည်းကောင်း၊ တူရကီနိုင်ငံသံအမတ်ကြီး H.E. Mr. Kerem Divanlioglu သည် နံနက် (၁၁) နာရီအချိန်တွင်လည်းကောင်း ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီ လာရောက်တွေ့ဆုံခဲ့ပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား နယ်သာလန်နိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံ

by Thinmbadm1n / Dec 05, 2016 / comments

နေပြည်တော်၊  ဒီဇင်ဘာလ  ၅ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား နယ်သာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Wouter Jurgens သည် ယနေ့နံနက် (၁၁) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ၀န်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲကျင်းပ

by Thinmbadm1n / Dec 02, 2016 / comments

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ၀န်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နေ့လည် (၂) နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး

by Thinmbadm1n / Dec 01, 2016 / comments

နေပြည်တော်၊ နိုဝင်ဘာလ ၃၀ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သန့်နိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သို့ သွားရောက်၍ ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ညွှန်ကြားရေးမှူးများနှင့် တွေ့ဆုံခဲ့ပါသည်။