ဖော်ပြပြီးသတင်းများ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

by Thinmbadm1n / Mar 31, 2017 / comments

နေပြည်တော် ၂၀၁၇ ခုနှစ်၊ မတ်လ ၃၁ ရက်             

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် (၃၀-၃-၂၀၁၇) ရက်နေ့တွင် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြီးစီးမှုလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူးရုံး UNOCHA (မြန်မာရုံး) မှ Head of Office ဖြစ်သူ လာရောက်တွေ့ဆုံ

by Thinmbadm1n / Mar 30, 2017 / comments

နေပြည်တော်၊ မတ်လ ၃၀ ရက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူးရုံး UNOCHA (မြန်မာရုံး) မှ Head of Office ဖြစ်သူ Mr. Mark Cutts သည် ယနေ့နေ့လည် (၃) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ ဌာနေကိုယ်စားလှယ် လာရောက်တွေ့ဆုံ

by Thinmbadm1n / Mar 29, 2017 / comments

နေပြည်တော်၊ မတ်လ ၂၉ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jurg Montani သည် ယနေ့နေ့လည် (၃) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေး တစ်နှစ်တာကာလဦးစားပေးဆောင်ရွက်ပေး

by Thinmbadm1n / Mar 28, 2017 / comments

နိုင်လင်းကြည်

ဓာတ်ပုံ - လှမင်းထွန်း (နယ်စပ်ရေးရာ)

နယ်စပ်ရေးရာဝန်ကြီးဌာန ပထမတစ်နှစ်တာထုတ်လွှင့်မည်ဖြစ်ကြောင်း အကြောင်းကြားခြင်း

by Thinmbadm1n / Mar 27, 2017 / comments

၂၇-၃-၂၀၁၇ ည ၉ နာရီနှင့် ၂၈-၃-၂၀၁၇ မနက်၈နာရီ သတင်းအပြီးတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ တစ်နှစ်တာအား MRTVမှပြသမည်ဖြစ်ကြောင်း ဝန်ထမ်းများအား ကြည့်ရှု့နိုင်ရန် အကြောင်းကြားအပ်ပါသည်။

 

အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး အဖွဲ့၏ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပ

by Thinmbadm1n / Mar 23, 2017 / comments

နေပြည်တော် မတ်လ ၂၃ရက်

        အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့၏ တတိယအကြိမ်ညှိနှိုင်း အစည်းအဝေး အား ယနေ့နေ့လည် (၃) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုခဲ့ရာ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့ဥက္ကဌ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

မြန်မာဒုက္ခသည်များ နေရပ်ပြန်လာရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် စပ်လျဉ်းသည့် စကားဝိုင်းဆွေးနွေးပွဲကျင်းပ

by Thinmbadm1n / Mar 22, 2017 / comments

နေပြည်တော် မတ်လ ၂၂ ရက်

  နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ကြီးမှူးကျင်းပသည့်  မြန်မာဒုက္ခသည်များ နေရပ်ပြန်လာရေး၊  ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် စပ်လျဉ်းသည့် စကားဝိုင်းဆွေးနွေးပွဲအား ယနေ့နံနက် (၈) နာရီခွဲ တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ် (Grand Ballroom) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ဗြိတိန်နိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံ

by Thinmbadm1n / Mar 10, 2017 / comments

နေပြည်တော်၊ မတ်လ ၁၀ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Andrew Pactrick သည် ယနေ့နေ့လည် (၂) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ် မွန်ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

by Thinmbadm1n / Mar 10, 2017 / comments

နေပြည်တော်၊ မတ်လ ၁၀ ရက်

         နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် (၇-၃-၂၀၁၇)ရက် နေ့မှ (၉-၃-၂၀၁၇)ရက်နေ့အထိ မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မော်လမြိုင် နှင့် ရေးမြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ဆွီဒင်နိုင်ငံအခြေစိုက် (ISDP) ၏ အမှုဆောင်ဒါရိုက်တာ လာရောက်တွေ့ဆုံ

by Thinmbadm1n / Mar 08, 2017 / comments

နေပြည်တော်၊ မတ်လ ၈ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ဆွီဒင်နိုင်ငံအခြေစိုက် Institute For Security and Development Policy (ISDP) ၏ အမှုဆောင်ဒါရိုက်တာ Mr. Niklas Swanstrom သည် ယနေ့နေ့လည် (၁) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား WFP ၏ ဒုတိယဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Naoe Yakiya လာရောက်တွေ့ဆုံ

by Thinmbadm1n / Mar 07, 2017 / comments

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ဒုတိယဌာနေ ကိုယ်စားလှယ်ဖြစ်သူ Ms. Naoe Yakiya သည် ယနေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် ဦးစီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။