ဖော်ပြပြီးသတင်းများ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ၀န်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲကျင်းပ

by Thinmbadm1n / Jun 30, 2017 / comments

နေပြည်တော် ၂၀၁၇ ဇွန် ၃၀ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ၀န်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နေ့လည် (၁း၃၀) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ဦးစီးဌာနရှိ ၀န်ထမ်းများ၏ တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်မှ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနက ရခိုင်ပြည်နယ်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဝန်ကြီးဌာနသို့ မော်တော်ယာဉ်(၄)စီး ထောက်ပံ့ပေးအပ်

by Thinmbadm1n / Jun 27, 2017 / comments

နေပြည်တော် ဇွန်လ ၂၈ ရက်

နယ်စပ်ရေးရာဝန်ကြီးဌာနက ရခိုင်ပြည်နယ်လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပမော်တော်ယာဉ် (Minibus)(၄)စီးအား စစ်တွေ တက္ကသိုလ်တွင် အသုံးပြုနိုင်ရန် ပညာရေးဝန်ကြီးဌာနသို့ ထောက်ပံ့လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားအား ယနေ့နံနက် (၉:၃ဝ) နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးအမှတ်(၄၂)၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးဆိုင်ရာ အသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲ အခမ်းအနားကျင်းပ

by Thinmbadm1n / Jun 21, 2017 / comments

နေပြည်တော် ၂၀၁၇ ခုနှစ် ဇွန်လ ၂၁ ရက်

          မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးဆိုင်ရာ အသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲ အခမ်းအနားအား ယနေ့နံနက် (၉:၃၀) နာရီ အချိန်တွင် နယ်စပ်ရေးရာ ၀န်ကြီးဌာနစုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း/အမှုထမ်း စုစုပေါင်းအင်အား (၂၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား အမေရိကန်နိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံ

by Thinmbadm1n / Jun 19, 2017 / comments

နေပြည်တော် ဇွန် ၁၉ ရက်

        နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Scot Marciel  သည် ယနေ့နံနက် (၁၁) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

ဝမ်တောင်း - နမ့်မုတ်သွားလမ်းပေါ်ရှိ နမ့်လွေချောင်းကူးသံကူကွန်ကရစ်တံတား (၁၀၀) ပေ ဖွင့်ပွဲအခမ်းအနား ကျင်းပ

by Thinmbadm1n / Jun 12, 2017 / comments

နေပြည်တော် ဇွန်လ ၁၂ ရက်

နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ ၀မ်တောင်း-နမ့်မုတ်ရွာသွားလမ်းပေါ်ရှိ နမ့်လွေချောင်းကူးသံကူကွန်ကရစ် တံတား (၁၀၀) ပေ ဖွင့်ပွဲအခမ်း အနားအား ယနေ့နံနက် (၉) နာရီအချိန်တွင် အဆိုပါ တံတားသစ် မုခ်ဦးနေရာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အလှူငွေပေးအပ်လှူဒါန်းခြင်း

by Thinmbadm1n / Jun 11, 2017 / comments

ဇွန်၇ရက်တွင်ပျက်ကျခဲ့သည့် တပ်မတော်ပို့ဆောင်ရေး(Y-8) လေယာဉ်၌ပါရှိသွားသည့် စစ်သည်မိသားစုများနှင့်လေယာဉ်အမှုထမ်းများအတွက် ထောက်ပံ့ငွေများကိုကာကွယ်ရေးဝန်ကြီးဌာန၌ လာရောက်ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင်အမျိုးသားလွှတ်တော်ဥက္ကဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က ထောက်ပံ့ငွေများ လာရောက်ပေးအပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။ အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းကထောက်ပံ့ငွေ ကျပ်သိန်း ၅၀ ကိုမွန်းလွဲ ၃ နာရီခွဲတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက လက်ခံယူသည်။