ဖော်ပြပြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်အတွင်း တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ၊ တာဝန်ခံ ကြီးကြပ်ကွပ်ကဲမှုဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး ကြိုးတံတားတစ်စင်း ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးမှုအား သတင်းမှန် ထုတ်ပြန်ခြင်း

by Thinmbadm1n / Jul 31, 2017 / comments

၂၀၁၇ ခုနှစ် ဇူလိုင်လ ၃၁ ရက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ မိုးကောင်းချောင်းနှင့် နန်းပင်ချောင်းနှစ်ခုဆုံရာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၁၀၅၉) သိန်းဖြင့် တည်ဆောက်ခဲ့သော အင်ဒုတ်ကြိုးတံတားမှာ ဇူလိုင်လ (၂၈) ရက် ညပိုင်းက ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ကြောင်းနှင့် အဆိုပါတံတားမှာ နယ်စပ်ရေးရာဝန်ကြီး ဌာနမှ ဆောင်ရွက်ခဲ့သော တံတားဖြစ်ကြောင်း Social Media Facebook တွင် ပျံ့နှံ့လျက်ရှိပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများ အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၁၇) ဖွင့်လှစ်

by Thinmbadm1n / Jul 31, 2017 / comments

နေပြည်တော်၊ ဇူလိုင်လ  ၃၁ ရက်

                   နယ်စပ်ရေးရာဝန်ကြီးဌာနတွင် ဝန်ထမ်းများ အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၁၇) ဖွင့်ပွဲ အခမ်းအနားအား ယနေ့ နံနက် (၀၈:၀၀) နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက်အမှာ စကားပြောကြားခဲ့ပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ သတ္တမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

by Thinmbadm1n / Jul 21, 2017 / comments

နေပြည်တော်၊ ဇူလိုင်လ ၂၁ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် နှင့်ဇနီး ဒေါ်ခိုင်မေကြူတို့အား အမှုးထား၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုတို့၏ သတ္တမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် (၉:၃၀) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

by Thinmbadm1n / Jul 18, 2017 / comments

နေပြည်တော်၊ ဇူလိုင်လ  ၁၈ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက် (၀၇:၀၀) နာရီတွင် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ဇနီး ဒေါ်ခိုင်မေကြူတို့က မဟော်ဂနီပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ဝန်ကြီးဌာနနှင့် ဦးစီးဌာနဝန်ထမ်း များ၏ သစ်ပင်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးသည်။         

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဧရာဝတီတိုင်းဒေသကြီးအတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

by Thinmbadm1n / Jul 16, 2017 / comments

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား (၁၃-၇-၂၀၁၇) ရက်နေ့မှ (၁၄-၇-၂၀၁၇) ရက်နေ့အထိ ကွင်းဆင်း ဆောင်ရွက် ခဲ့ပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

by Thinmbadm1n / Jul 16, 2017 / comments

နေပြည်တော် ဇူလိုင် ၁၄

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်  ဦးရဲနိုင်သည် (၁၀-၇-၂၀၁၇)ရက် နေ့မှ (၁၃-၇-၂၀၁၇)ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်း၊ မုံရွာ၊ ကသာ၊ ဗန်းမောက်၊ ပင်လည်ဘူးမြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ ပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးမှ အစားထိုးဖွံ့ဖြိုးမှုလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

by Thinmbadm1n / Jul 10, 2017 / comments

နေပြည်တော်၊ ဇူလိုင်လ ၈ ရက်

          အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် (၇-၇-၂၀၁၇) ရက်နေ့မှ (၈-၇-၂၀၁၇) ရက်နေ့အထိ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကယားပြည်နယ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပင်လောင်းမြို့နယ် နောင်တရားဒေသအတွင်းရှိ ကျေးရွာအုပ်စု (၄) အုပ်စုသို့ ကွင်းဆင်း စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

အစားထိုးဖွံ့ဖြိုးမှုလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

by Thinmbadm1n / Jul 10, 2017 / comments

နေပြည်တော်၊ ဇူလိုင်လ ၁၀ ရက်

          အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများ လိုက်ပါလျက် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ်၊ နောင်တရားဒေသအတွင်းရှိ ကျေးရွာအုပ်စု (၄) အုပ်စု၏ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်း၊ စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးလာရောက်တွေ့ဆုံ

by Thinmbadm1n / Jul 06, 2017 / comments

နေပြည်တော်၊  ဇူလိုင်လ ၅ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Fillippo Grandi သည် ယနေ့ညနေ (၄) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

နတလလုပ်ငန်းကော်မတီ အစီအစဉ်အရ ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်း

by Thinmbadm1n / Jul 04, 2017 / comments

နေပြည်တော် ၊ ဇူလိုင် ၄             

ပြည်ထောင်စုဝန်ကြီးနှင့် ၀န်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲကျင်းပ

by Thinmbadm1n / Jul 03, 2017 / comments

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတ်ယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ဝန်ကြီးရုံး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနများမှ ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နေ့လည် (၂း၃၀) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ၀န်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲကျင်းပ

by Thinmbadm1n / Jul 03, 2017 / comments

နေပြည်တော် ဇူလိုင်လ ၃ ရက်

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတ်ယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ဝန်ကြီးရုံး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနများမှ ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နေ့လည် (၂း၃၀) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။