ဖော်ပြပြီးသတင်းများ

ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား JICA မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ

by Thinmbadm1n / Jul 30, 2018 / comments

နေပြည်တော် ဇူလိုင် ၃၀

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်သည် JICA (ဂျပန်) ရုံးချုပ်မှ Advisory Mission Leader ဖြစ်သူ Mr. Minoru YOSHIDA နှင့် JICA (မြန်မာ) ရုံးမှ Coordinator ဖြစ်သူ ဦးတင်မောင်ကြီးတို့အား ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေး

by Thinmbadm1n / Jul 26, 2018 / comments

နေပြည်တော် ဇူလိုင် ၂၆

          နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် တာဝန်ရှိသူများလိုက် ပါလျက် ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ဇေယျာအောင်မြေလမ်းနှင့် လှရွှေစင်လမ်းထောင့် (NRPC ရုံးအနီး) တွင် တည်ဆောက်လျက်ရှိသော နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာ 6U 4S (3-BED) အဆောက်အဦအသစ် (၁) လုံး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် စစ်ဆောင်ပနတိုင်လူမျိုး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဒုတိယအုပ်ချုပ်ရေးမှူးတို့ သီးခြားစီလာရောက်တွေ့ဆုံ

by Thinmbadm1n / Jul 24, 2018 / comments

နေပြည်တော်  ဇူလိုင် ၂၄

          နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa သည် ယနေ့မွန်းလွဲ (၁) နာရီတွင် လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် စစ်ဆောင်ပနတိုင်လူမျိုး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဒုတိယအုပ်ချုပ်ရေးမှူး Ms. Cun Min ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက် (၁၀) နာရီတွင်လည်းကောင်း ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီ လာရောက်တွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး

by Thinmbadm1n / Jul 13, 2018 / comments

နေပြည်တော် ဇူလိုင် ၁၃

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည်   နေပြည်တော်သို့ရောက်ရှိနေသော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့မှ ဦးစီးအဖွဲ့ဥက္ကဋ္ဌများအား ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၌ တွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ဗြိတိန်နိုင်ငံသံအမတ်ကြီး လာရောက်တွေ့ဆုံ

by Thinmbadm1n / Jul 12, 2018 / comments

နေပြည်တော် ဇူလိုင် ၁၂

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Daniel Patrick Chugg သည် ယနေ့နံနက် (၁၀) နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ထိုင်းနိုင်ငံ National Security Council မှ Acting Deputy Secretary General ဖြစ်သူ Mr. Danai Moosa နှင့်အဖွဲ့တို့အား လက်ခံတွေ့ဆုံ

by Thinmbadm1n / Jul 10, 2018 / comments

နေပြည်တော်  ဇူလိုင် ၁၀

              နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်သည် ထိုင်းနိုင်ငံ၊ အမျိုးသားလုံခြုံရေးကောင်စီ (National Security Council-NSC) မှ Acting Deputy Secretary General ဖြစ်သူ Mr. Danai Moosa နှင့်အဖွဲ့အား  ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

by Thinmbadm1n / Jul 09, 2018 / comments

နေပြည်တော် ဇူလိုင် ၉

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ယမန်နေ့၌ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့်  ၂၀၁၈ ဘဏ္ဍာရေးနှစ် (ဧပြီလမှ စက်တင်ဘာလ) အထိ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

by Thinmbadm1n / Jul 05, 2018 / comments

နေပြည်တော်၊ ဇူလိုင် (၃-၄)

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးနှင့် နယ်စပ်ဒေသနှင့်တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ (၃) ရက် နေ့လည်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု ခဲ့သည်။