ဖော်ပြပြီးသတင်းများ

ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပျက်စီးခဲ့သည့် လမ်းပိုင်းအချို့ ပြုပြင်ဆောင်ရွက်

by Thinmbadm1n / Sep 26, 2018 / comments

နေပြည်တော် စက်တင်ဘာ  ၂၇

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများအမြန် ဖွံ့ဖြိုးတိုးတက်ရမည်ဟူသော ဆောင်ပုဒ်နှင့်အညီ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက် စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၂)မှ ကျောင်းသား ကျောင်းသူများအား သြ၀ါဒ အမှာစကားပြောကြား

by Thinmbadm1n / Sep 26, 2018 / comments

နေပြည်တော် စက်တင်ဘာ ၂၆

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ ကျင့်ရေးဦးစီးဌာန ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၂)မှ ကျောင်းသား ကျောင်းသူများက ဂါရ၀ပြုသြ၀ါဒ ခံယူပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ငုရွှေဝါခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကမ္ဘာ့ဘဏ် (World Bank) မှ ဌာနေကိုယ်စားလှယ် လာရောက်တွေ့ဆုံ

by Thinmbadm1n / Sep 18, 2018 / comments

နေပြည်တော် စက်တင်ဘာလ ၁၈ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား ကမ္ဘာ့ဘဏ် (World Bank) မှ ဌာနေကိုယ်စားလှယ် Ms. Ellen Goldstein ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက် (၁၁) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

လပွတ္တာမြို့နယ်ရှိ လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်း

by Thinmbadm1n / Sep 17, 2018 / comments

           နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များစက်မှုလက်မှု သင်တန်းကျောင်း (လပွတ္တာ) ၌ ဒေသခံပြည်သူများ နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက်  လက်သမား၊ ပန်းရံ၊ သံချည်သံကွေး သင်တန်း၊ လျှပ်စစ်ဂဟေသင်တန်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်း၊ လက်ကိုင်တယ်လီဖုန်း ပြုပြင်ခြင်း သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးနေမှုများအား ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ကိုယ်တိုင်သွားရောက် ကြည့်ရှုအားပေးပြီး ထပ်မံ၍ သင်တန်း ဘာသာရပ်များကို တိုးချဲ့ဖွင့်လှစ် သွားနိုင်ရေးအား ညှိနှိုင်းဆောင်ရွက်ေ

နယ်စပ်ရေးရာဝန်ကြီးဌာနက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

by Thinmbadm1n / Sep 14, 2018 / comments

နေပြည်တော် စက်တင်ဘာ ၁၄

          နယ်စပ်ရေးရာဝန်ကြီးဌာနက ပဲခူးတိုင်းဒေသကြီးနှင့် ဆွာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၁) နာရီတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ ကျင်းပသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရောဂါဖြစ်ပွားသည့် ဒေသခံပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်

by Thinmbadm1n / Sep 14, 2018 / comments

နေပြည်တော် စက်တင်ဘာ ၁၄

          နယ်စပ်ရေးရာဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ ရောဂါဖြစ်ပွားသည့် ဒေသခံပြည်သူများအတွက် ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို (၁၃-၉-၂၀၁၈) ရက်နေ့တွင် နန်းယွန်းမြို့နယ်၊ ရှမ်ဟဲနုတ်ညိုကျေးရွာအုပ်စု၊ လန်းပန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

မူးယစ်ဆေးဝါးပပျောက်ရေးဆိုင်ရာ အစားထိုးဖွံ့ဖြိုးရေးရှေ့ပြေးစီမံကိန်း (Pilot Project) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

by Thinmbadm1n / Sep 04, 2018 / comments

နေပြည်တော်၊ စက်တင်ဘာ ၄ ရက်

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အောက်ရှိ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့ ၏ အစားထိုး ဖွံ့ဖြိုးရေးရှေ့ပြေးစီမံကိန်း (Pilot Project) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယမန်နေ့မွန်းလွှဲ (၂) နာရီခွဲ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။