ဖော်ပြပြီးသတင်းများ

မြန်မာ-အိန္ဒိယချစ်ကြည်ရေးစီမံကိန်းအရ အိန္ဒိယသမ္မတနိုင်ငံ၏ ဒုတိယအကြိမ် အထောက်အပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မဏိပူရ်မြစ်ကူး(ဒါတ်တား)တံတားဖွင့်ပွဲအခမ်းအနားကျင်းပ

by Thinmbadm1n / May 08, 2019 / comments

       မြန်မာ-အိန္ဒိယချစ်ကြည်ရေးစီမံကိန်းအရ အိန္ဒိယသမ္မတနိုင်ငံ၏ ဒုတိယအကြိမ် အထောက် အပံ့ ရန်ပုံငွေ(၅၁၀.၀၀၀) ကျပ်သန်းဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက် ပြီးစီး ခဲ့သည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မဏိပူရ်မြစ်ကူး(ဒါတ်တား) (၃၀၀x၁၄) ပေ သံမဏိသံဘောင် ကြိုးတံတားသစ် ဖွင့်ပွဲအခမ်းအနားကို (၇-၅-၂၀၁၉)ရက်နေ့တွင် အဆိုပါ တံတား၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသမ္မတ နိုင်ငံသံအမတ်ကြီး H.E.Mr.Sauraid Kumar ၊ နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ဝင်း၊ ချင်းပြည်နယ် ဖွံ့ဖြိုမှု ကြီးကြပ်ရေးမှူး ညွှန်ကြားရေးမှူး၊ 

ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ လူမျိုးစုရေးရာ ကော်မတီ၏ ဒုတိယဝန်ကြီး နှင့် ဒုတိယဥက္ကဌ ဖြစ်သူ H.E.Mr.Phan Van Hung အားလက်ခံတွေ့ဆုံ

by Thinmbadm1n / May 07, 2019 / comments

နေပြည်တော်၊ မေလ    ၇   ရက်

                နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိ နေသော ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ လူမျိုးစုရေးရာကော်မတီ၏ ဒုတိယဝန်ကြီး နှင့် ဒုတိယဥက္ကဌ ဖြစ်သူ H.E.Mr.Phan Van Hung ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၁၀) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။

နယ်စပ်ရေးရာဝန်ကြီးဌာနက သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ကျေးရွာများအားရေလှူဒါန်း

by Thinmbadm1n / May 03, 2019 / comments

နေပြည်တော် မေ ၃

              နယ်စပ်ရေးရာဝန်ကြီးဌာနက သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၊ တောင်သာကျေးရွာအုပ်စုရှိ အုတ်ကျင်းနှင့် ဇေယျာသီရိမြို့နယ်၊ စက်ကုန်းကျေးရွာများသို့ ယနေ့နံနက်ပိုင်းတွင် သောက်သုံးရေ များ သွားရောက် လှူဒါန်းခဲ့သည်။

နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် Solar တင်ဒါ ဖွင့်ပွဲအခမ်းအနား ကျင်းပ

by Thinmbadm1n / May 03, 2019 / comments

နေပြည်တော် မေ ၃

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် Solar တင်ဒါဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉:၃၀ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ တင်ဒါစီစစ် ရွေးချယ်ရေးကော်မတီ ဥက္ကဌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသားတိုင်းရင်းသားလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။