နယ်စပ်ဒေသတိုင်းရင်းသားအဖွဲ့ဝင်များ နေပြည်တော်အတွင်း ဆက်လက်လေ့လာ

by Thinmbadm1n / Jan 16, 2019 / comments

နေပြည်တော်၊ ဇန်နဝါရီလ ၁၆

          နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများမှ တိုင်းရင်းသား/တိုင်းရင်းသူများ အား နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများကိ မျက်ဝါးထင်ထင်လေ့လာတွေ့ရှိပြီး လေ့လာရေးခရီးစဉ်မှ ရရှိသည့်အတွေ့အကြုံကောင်းများကို မိမိတို့နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိရောက်စွာပြန်လည်အသုံးချနိုင်ရန်နှင့် တစ်အူထုံ့ဆင်း ညီရင်းအစ်ကို မောင်ရင်းနှမများပမာ တစ်ဦးနှင့်တစ်ဦး အပြန်အလန်လေးစားမှု၊ ချစ်ခင်မှု၊ ယုံကြည်မှုတို့ဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ်များ ရှင်သန်ပွားများ ခိုင်မာလာစေရန်ရည်ရွယ်၍ နယ်စပ်ဒေသအသီးသီးမှ ဖိတ်ကြားထားသည့် တိုင်းရင်းသား/သူများသည် လေ့လာရေးခရီးစဉ် ဒုတိယနေ့အဖြစ် ယနေ့နံနက်ပိုင်းတွင် မဟာသကျရံသီဘုရားသို့ သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြရာ ဂေါပကအဖွဲ့က လိုက်လံရှင်းလင်းတင်ပြ ခဲ့ကြပြီး လေ့လာရေးအဖွဲ့ဝင်များက အလှူငွေများပေးအပ် လှူဒါန်းခဲ့ကြသည်။

          ထိုမှတစ်ဆင့် တိုင်းရင်းသားလေ့လာရေးအဖွဲ့သည် သူရဲကောင်းစစ်သည်ဗိမာန်သို့ သွားရောက်၍ ဗိမာန်တော်အတွင်း  လှည့်လည်ကြည့်ရှုလေ့လာ၍ သူရဲကောင်းစစ်သည်များအား ဂါရဝပြုခဲ့ကြသည်။

          ထို့နောက် တပ်မတော်စစ်သမိုင်းပြတိုက်သို့ ရောက်ရှိခဲ့ကြပြီး ပြတိုက်အတွင်း လေ့လာရာ တာဝန်ရှိသူများက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့်အတူ ယှဉ်တွဲပေါက်ဖွားလာသည့် တပ်မတော်သမိုင်းကို Video Projector ဖြင့်ပြသပေးခဲ့ပြီး ပြတိုက်အတွင်းရှိ ခင်းကျင်းပြသ ထားသော ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်စစ်ဆင်ရေး မှတ်တမ်းများ၊ ဗမာ့ကာကွယ်ရေး တပ်မတော်သုံးပစ္စည်းများနှင့် လက်နက်များ၊ တပ်မတော် (ကြည်း၊ရေ၊လေ) ပြခန်းများသို့ ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိသည်။