နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် အား ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ (JICA) မှ Representative ဖြစ်သူ Ms. Noriko SETO လာရောက်တွေ့ဆုံ

by ThuzarMbadm1n / Sep 18, 2017 / 0 comments

နေပြည်တော် ၂၀၁၇ခုနှစ် စက်တင်ဘာလ၁၈ရက်

     နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်သည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ Representative ဖြစ်သူ  Ms. Noriko SETO အား (၁၈-၉-၂၀၁၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်း၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

     ထိုသို့တွေ့ဆုံရာတွင် JICA မှ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ တိုင်းရင်းသား များအား ကူညီထောက်ပံ့ရေး ဘက်စုံဒေသန္တရ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းရေးဆွဲရေးလုပ်ငန်း စီမံကိန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး လုပ်ငန်းစီမံကိန်း၏ ရလဒ်များနှင့် ဖွံ့ဖြိုးမှု စီမံကိန်းရေးဆွဲရေး အစီရင်ခံစာအားပြန်လည် အသုံးပြုနိုင်ရေးနှင့် စပ်လျဉ်း၍ သဘောထားအမြင်များအား ပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။