နယ်စပ်ရေးရာဝန်ကြီးဌာနက သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ကျေးရွာများအားရေလှူဒါန်း

by ThuzarMbadm1n / May 03, 2019 / 0 comments

နေပြည်တော် မေ ၃

              နယ်စပ်ရေးရာဝန်ကြီးဌာနက သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၊ တောင်သာကျေးရွာအုပ်စုရှိ အုတ်ကျင်းနှင့် ဇေယျာသီရိမြို့နယ်၊ စက်ကုန်းကျေးရွာများသို့ ယနေ့နံနက်ပိုင်းတွင် သောက်သုံးရေ များ သွားရောက် လှူဒါန်းခဲ့သည်။

              ထိုသို့လှူဒါန်းရာတွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှတာဝန်ရှိသူများ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ပူးပေါင်းဦးဆောင်၍ တောင်သာ ရပ်ကွက်သို့ ရေဂါလံ (၄၀၀၀)နှင့် စက်ကုန်းကျေးရွာသို့ ရေဂါလံ(၂၀၀၀)၊ စုစုပေါင်း ရေဂါလံ (၆၀၀၀) အား အိမ်ထောင်စုအလိုက် သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ် များဖြင့် သယ်ဆောင်၍ စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့သည်။

              နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် (၂၄-၄-၂၀၁၉) ရက်နေ့မှ (၃-၅-၂၀၁၉) ရက်နေ့အထိ ပျဉ်းမနား၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိမြို့နယ်များအတွင်းရှိ ကျေးရွာများသို့ ရေဂါလံ (၄၂၀၀၀) ပေးလှူခဲ့ပြီး ယခင်နှစ်ကလည်း ရပ်ကွက်/ကျေးရွာ (၆) ခု သို့ ရေဂါလံ (၅ဝဝဝဝ) သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။