September 2018

  1. နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ် (၂) မှ ကျောင်းသား ကျောင်းသူများအား သြဝါဒ အမှာစကား ပြောကြား

    by ThuzarMbadm1n / Sep 26, 2018 / 0 comments

    နေပြည်တော် စက်တင်ဘာ ၂၆

    နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ ကျင့်ရေးဦးစီးဌာန ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၂)မှ ကျောင်းသား ကျောင်းသူများက ဂါရဝပြုသြဝါဒ ခံယူပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ငုရွှေဝါခန်းမ၌ ကျင်းပသည်။

  2. ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကမ္ဘာ့ဘဏ် (World Bank) မှ ဌာနေကိုယ်စားလှယ် လာရောက်တွေ့ဆုံ

    by ThuzarMbadm1n / Sep 18, 2018 / 0 comments

    နေပြည်တော် စက်တင်ဘာလ ၁၈ ရက်

         နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် အား ကမ္ဘာ့ဘဏ် (World Bank) မှ ဌာနေကိုယ်စားလှယ် Ms. Ellen Goldstein ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက် (၁၁) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

  3. လပွတ္တာမြို့နယ်ရှိ လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်း

    by ThuzarMbadm1n / Sep 17, 2018 / 0 comments

         နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များစက်မှုလက်မှု သင်တန်းကျောင်း (လပွတ္တာ) ၌ ဒေသခံပြည်သူများနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက်  လက်သမား၊ ပန်းရံ၊ သံချည်သံကွေး သင်တန်း၊ လျှပ်စစ်ဂဟေသင်တန်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်း၊ လက်ကိုင် တယ်လီဖုန်း ပြုပြင်ခြင်း သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးနေမှုများအား ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ကိုယ်တိုင်သွားရောက် ကြည့်ရှု အားပေး ပြီး ထပ်မံ၍ သင်တန်းဘာသာရပ်များကို တိုးချဲ့ဖွင့်လှစ် သွားနိုင်ရေးအား ညှိနှိုင်းဆောင်ရွက်ပ

  4. ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

    by ThuzarMbadm1n / Sep 15, 2018 / 0 comments

    နေပြည်တော် စက်တင်ဘာ  ၁၅

              နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင် နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီးအတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို (၁၃-၉-၂၀၁၈) ရက်နေ့မှ (၁၄-၉-၂၀၁၈) ရက်နေ့ထိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

  5. နယ်စပ်ရေးရာ၀န်ကြီးဌာနက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

    by ThuzarMbadm1n / Sep 14, 2018 / 0 comments

    နေပြည်တော် စက်တင်ဘာ ၁၄

              နယ်စပ်ရေးရာဝန်ကြီးဌာနက ပဲခူးတိုင်းဒေသကြီးနှင့် ဆွာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရန်အတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီ တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ ကျင်းပသည်။

  6. နယ်စပ်ရေးရာဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရောဂါဖြစ်ပွားသည့် ဒေသခံပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်

    by ThuzarMbadm1n / Sep 14, 2018 / 0 comments

    နေပြည်တော် စက်တင်ဘာ ၁၄

              နယ်စပ်ရေးရာဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ ရောဂါဖြစ်ပွားသည့် ဒေသခံပြည်သူများအတွက် ထောက်ပံ့ပေးအပ်ခဲ့သည့် အခမ်းအနားကို (၁၃-၉-၂၀၁၈) ရက်နေ့တွင် နန်းယွန်းမြို့နယ်၊ ရှမ်ဟဲနုတ်ညိုကျေးရွာအုပ်စု၊ လန်းပန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာတာ၀န်ရှိသူများ၊ ဌာနဆိုင်ရာ၀န်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

  7. နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသန့် ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၂၁) သင်တန်းဆင်းပြီး အလုပ်အကိုင်တစ်ပါတည်းပေးအပ်

    by ThuzarMbadm1n / Sep 14, 2018 / 0 comments

    ရန်ကုန်၊ စက်တင်ဘာ ၁၄

  8. မူးယစ်ဆေးဝါးပပျောက်ရေးဆိုင်ရာ အစားထိုးဖွံ့ဖြိုးရေးရှေ့ပြေးစီမံကိန်း (Pilot Project) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

    by ThuzarMbadm1n / Sep 04, 2018 / 0 comments

    နေပြည်တော် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၄ ရက်

         မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အောက်ရှိ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့ ၏ အစားထိုး ဖွံ့ဖြိုးရေးရှေ့ပြေးစီမံကိန်း (Pilot Project) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယမန်နေ့မွန်းလွှဲ (၂) နာရီခွဲ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။