ဖွံ့ဖြိုးရေးတက္ကသိုလ်

ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ စစ်ကိုင်း သမိုင်းအကျဉ်း

     ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ကို ''တိုင်းရင်းသား လူငယ်များအား တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံး ညီညွှတ်မှုတိုးတက်ခိုင်မာရေးကို ကြိုးပမ်းကြမည့်  အရည်အသွေးမြင့်မားသည့် ပညာရေးဝန်ထမ်း ကောင်းများ ဖြစ်ထွန်းလာအောင် လေ့ကျင့်ပျိုးထောင် ပေးရန်'' ရည်ရွယ်၍ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံ အဖြစ် ၂ဝ-၁ဝ-၁၉၆၄ ရက်နေ့တွင် စစ်ကိုင်းမြို့၌ စတင်တည်ထောင်ခဲ့ပါသည်။ ၁ဝ-၅ -၁၉၉၁ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့

ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ စစ်ကိုင်း တည်နေရာ၊ အကျယ်အ၀န်း

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သည် စစ်ကိုင်းမြို့မှ(၂၂)မိုင် ကွာဝေးသည့် မန္တလေး-စစ်ကိုင်း-မုံရွာကားလမ်းပေါ်ရှိ နတ်ခရိုင်ကျေးရွာ ၏ တောင်ဘက်(၄)မိုင်ခန့် ကွာဝေးသော ရွာသစ်ကြီး မြေပုံအညွှန်း (အက်ဖ်-၂၅၂၆၁၉) တွင် တည်ရှိပါသည်။ အကျယ်အဝန်းမှာ ၁၅၄.၃ ဟက်တာ (သို့မဟုတ်) ၃၈၁.၆ဧက ကျယ်ဝန်းပါသည်။

ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ စစ်ကိုင်း ရည်ရွယ်ချက်

ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)   ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တွင် ခင်မင်ရင်းနှီးစွာနေထိုင်လျက် ပညာရှာမှီးကြရင်း  ပြည်ထောင်စု စိတ်ဓာတ် ခိုင်မြဲမှုရှိစေရန်။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ စစ်ကိုင်း၏ ဆောင်ပုဒ်

     ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ဟူသောအမည်သည် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးရန်ဟူသော တက္ကသိုလ်၏ အဓိကရည်မှန်းချက်ကို ဖော်ညွှန်းလျက်ရှိပါသည်။ မြန်မာဟူသည် အချင်းချင်းနားလည်မှု၊ ချစ်ကြည် လေးစားမှုတို့ဖြင့် အတူယှဉ်တွဲနေထိုင်လျက် ရှိကြ သည့် တိုင်းရင်းသား လူမျိုးနွယ်စု တစ်ရာကျော်ကို တစ်စည်းတစ်ရုံး တည်း ပေါင်းစည်း ခေါ်ဝေါ်ထားခြင်းဖြစ်ပါသည်။ နိုင်ငံတော်၏ စစ်မှန်သော အင်အားသည် နိုင်ငံ အတွင်း မှာသာရှိပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး သည် တိုင်းရင်းသားမ

ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊စစ်ကိုင်း၏ သင်တန်းသားရွေးချယ်ပုံစနစ်

     သင်တန်းသားရွေးချယ်ရာတွင် ဗဟိုအဆင့်၊ ပြည်နယ်တိုင်းဒေသကြီးအဆင့်ထားရှိရွေးချယ်ပါသည်။ ထိုသို့ ရွေးချယ်နိုင်ရန်အတွက် ဗဟိုသင်တန်းသား ရွေးချယ် ရေးအဖွဲ့အား လုပ်ငန်းဆက်စပ်သည့် ဝန်ကြီးဌာန၊ ဦးစီးဌာနများပါဝင်ပြီး ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဥက္ကဌအဖြစ် ဖွဲ့စည်း ဆောင်ရွက်သွားရန် ဖြစ်ပါသည်။ ပြည်နယ်တိုင်းဒေသကြီးအဆင့်တွင် ပညာရေးလုပ်ငန်း များနှင့် ဆက်စပ်၍ ဦးစီးဌာနများပါဝင်သည့် ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းရန် ဖြစ်ပါသည်။
ဗဟိုသင်တန်းသား ရွေးချယ်ရေးအဖွဲ့

သင်ကြားပေးခဲ့သည့်သင်တန်းများ

အောက်ပါသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်-

ပေးအပ်ချီးမြှင့်သည့် ဘွဲ့နှင့် အောင်လက်မှတ်များ

(က)    မူလတန်းဆရာအောင်လက်မှတ်
( ခ)    အလယ်တန်းဆရာအောင်လက်မှတ်
( ဂ)    အထူးမူလတန်းဆရာအောင်လက်မှတ်
(ဃ)    ဆရာအတတ်ပညာဒီပလိုမာ
( င)    ပညာရေးဘွဲ့
( စ)    မဟာဒဿန(ပညာရေး)ဘွဲ့
(ဆ)    မဟာပညာရေးဘွဲ့

Pages