လူငယ်သင်တန်းကျောင်း

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများ ရည်ရွယ်ချက်

၁။  တိုင်းရင်းသားလူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက်   ပြည်‌ထောင်စုစိတ်ဓာတ်   ခိုင်မြဲသည့် လူငယ်များဖြစ်လာ‌စေရန်၊

၂။  ပြည်‌ထောင်စုတိုင်းရင်းသားလူငယ်များသည် ပြည်‌ထောင်စုမပြိုကွဲ‌ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲ‌ရေး၊   အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ‌ရေးတည်းဟူ‌သော ဒို့တာဝန်အ‌ရေးသုံးပါးကို သက်ဝင်ယုံကြည်၍ ထိန်းသိမ်းစောင့်‌ရှောက်‌သော   လူငယ်များဖြစ်လာ‌စေရန်၊

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများ၏ ရွေးချယ်မှုစနစ်

 အောက်ပါဦးစီးပေးစနစ်ဖြင့် ဒေသရှိ ကျောင်းကြီးကြပ်ရေးကော်မတီမှ စိစစ်ရွေးချယ် ပါသည်-

 (က)   မိဘမဲ့

 ( ခ)    ဘမဲ့

ပညာသင်ကြားပေးခြင်း

     တိုင်းရင်းသားလူငယ်ကျောင်းသားများအား စားဝတ်နေရေး၊ ပညာသင်ကြားရေးစရိတ်များကို ဦးစီးဌာနမှကုန်ကျခံပေးလျက် မူလတန်း၊ အလယ်တန်း၊   အထက်တန်းပညာ များသင်ကြားပေးပါသည်။ အထက်တန်းအဆင့် ပညာများသင်ကြားရာတွင် စာမေးပွဲကို အထောက်အကူ ပြုသည့် အထူးထုတ် စာစောင်များ ပေးပို့ခြင်း၊ အတွေ့အကြုံ ရင့်ကျက် သော ဆရာများဖြင့် အချိန်ပိုသင်ကြားပေးခြင်းတို့ ဆောင်ရွက်ပေးပါသည်။ အခြေခံပညာအထက်တန်းမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအား အဆင့်မြင့် တက္ကသိုလ် ပညာရပ်များ သင်ကြားပေးနိုင်ရန် ပြည်ထောင်စုတိုင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂ

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများ၏ ကျောင်းသားအင်အား စာရင်း

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများရှိ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းသား/သူများအင်အားစာရင်း

လူမျိုးလိုက်ကျောင်းသားစာရင်း

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများတွင်၏၂၀၁၆−၂၀၁၇ ပညာသင်နှစ်၊
အခြေခံပညာသင်တန်းကျောင်းများသို့ တက်ရောက်ပညာသင်ကြားနေသူများ၏
လူမျိုးအလိုက်စာရင်း

အထောက်အပံ့ခံကျောင်းများအား ထောက်ပံ့ပေးခြင်း

     နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများအပြင် ပရဟိတ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်ကြီး များ၏  ဒေသအလိုက် မေတ္တာရပ်ခံချက် များအပေါ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီမှ ခွင့်ပြုချက်အရ အထောက်အပံ့ခံ ကျောင်းများအဖြစ် သတ်မှတ်ပြီး ကျောင်းသားတစ်ဦး တစ်နေ့လျှင် ဆန်နို့ဆီဗူး (၂) ဗူးနှုန်း ဖြင့် အထောက်အပံ့ခံကျောင်း  (၂၉) ကျောင်းအား ထောက်ပံ့ပေးလျက်ရှိပါသည်။